အခုအပိုင်းမှာ အာဒွီနို စတင်အသုံးပြုဖို့ လိုအပ်မယ့်ဟာလေးတွေကို မျှဝေပေးပါမယ်။
လိုအပ်မှုဆိုတဲ့အပိုင်းမှာ
ပစ္စည်းအားဖြင့် လိုအပ်ချက်နဲ့
ပညာဗဟုသုတအားဖြင့် လိုအပ်ချက်လို့
နှစ်ပိုင်းခွဲပြောရမှာ
ဖြစ်ပါတယ်။
ပစ္စည်းလိုအပ်ချက်ကတော့ရှင်းပါတယ်။
လိုအပ်မယ့်ပစ္စည်းတွေကတော့
- အာဒွီနို ဘုတ်တစ်မျိုးမျိုး နောက်ပိုင်းမှာ အာဒွီနို အူနိုဘုတ်ကို ဥပမာအဖြစ်သုံးပါမယ်။
- ကြိုးတစ်ချောင်း ပရင့်တာမှာသုံးတဲ့ USB ဆိုရင်ရပါတယ်။
- ကွန်ပြူတာတစ်လုံး (Windows XP အနည်းဆုံးသွင်းထားတဲ့ ကွန်ပြူတာ)စတာတွေ ဖြစ်ပါတယ်။
ပညာဗဟုသုတအနေနဲ့ကတော့
အနည်းဆုံး ကွန်ပြူတာအခြေခံ
သိနားလည်ရပါမယ်။ ဆိုလိုတာက
ကွန်ပြူတာဖွင့်ပြီး
ဖိုင်ကူးတာတို့၊ အင်တာနက်ကနေ
ဒေါင့်လုဒ် လုပ်တာတို့၊
လုပ်တာတို့ကို
ဆိုလိုပါတယ်။လိုအပ်တယ်ဆိုရင်
comment
မှာ
မှတ်ချက်လေးရေးခဲ့ပါ။
တတ်နိုင်သလောက်လေးကို ပို့စ်
တစ်ခုနဲ့ တင်ပေးပါမယ်။
နောက်တစ်ချက်က
C
Programming အခြေခံရှိရင်
လွယ်ပါတယ်။ မရှိရင်လဲ
နောက်ပို့စ်တွေမှာ ဥပမာလေးတွေနဲ့
အသေးစိတ်ရှင်းပြပါမယ်။
အင်္ဂလိပ်စာအခြေခံ ရှိသူတွေတော့
နားလည်လွယ်မယ်လို့ယူဆပါတယ်။
နောက်ဆုံးတစ်ခုအနေနဲ့ကတော့
အီလက်ထရွန်းနစ် ပရောဂျက်ဖြစ်တဲ့အတွက်
အီလက်ထရွန်းနစ်အခြေခံရှိရင်တော့
အကောင်းဆုံးဖြစ်မှာပါ။
မရှိတဲ့သူအတွက်တော့
သင့်တော်တဲ့အချိန်တိုင်းမှာ
သီးခြားပို့စ်လေးတွေနဲ့
ထပ်မံရှင်းပြပေးပါမယ်။
နောက်အပိုင်း (၅) မှာတော့
အာဒွီနို အူနိုဘုတ်ကို
စတင်စမ်းသပ်ဖို့ ပြင်ဆင်ပုံလေးကို
အဆင့်လေးတွေနဲ့ မျှဝေပေးပါမယ်။