ARDUINO အာဒွီနို အပိုင်း(၄)
ARDUINO အာဒွီနို အပိုင်း(၄)

အခုအပိုင်းမှာ အာဒွီနို စတင်အသုံးပြုဖို့ လိုအပ်မယ့်ဟာလေးတွေကို မျှဝေပေးပါမယ်။

လိုအပ်မှုဆိုတဲ့အပိုင်းမှာ ပစ္စည်းအားဖြင့် လိုအပ်ချက်နဲ့ ပညာဗဟုသုတအားဖြင့် လိုအပ်ချက်လို့ နှစ်ပိုင်းခွဲပြောရမှာ ဖြစ်ပါတယ်။

ပစ္စည်းလိုအပ်ချက်ကတော့ရှင်းပါတယ်။ လိုအပ်မယ့်ပစ္စည်းတွေကတော့

26233660_325424154609042_1611758316291959020_o


  • အာဒွီနို ဘုတ်တစ်မျိုးမျိုး နောက်ပိုင်းမှာ အာဒွီနို အူနိုဘုတ်ကို ဥပမာအဖြစ်သုံးပါမယ်။
  • ကြိုးတစ်ချောင်း ပရင့်တာမှာသုံးတဲ့ USB ဆိုရင်ရပါတယ်။
  • ကွန်ပြူတာတစ်လုံး (Windows XP အနည်းဆုံးသွင်းထားတဲ့ ကွန်ပြူတာ)စတာတွေ ဖြစ်ပါတယ်။

ပညာဗဟုသုတအနေနဲ့ကတော့ အနည်းဆုံး ကွန်ပြူတာအခြေခံ သိနားလည်ရပါမယ်။ ဆိုလိုတာက ကွန်ပြူတာဖွင့်ပြီး ဖိုင်ကူးတာတို့၊ အင်တာနက်ကနေ ဒေါင့်လုဒ် လုပ်တာတို့၊ လုပ်တာတို့ကို ဆိုလိုပါတယ်။လိုအပ်တယ်ဆိုရင် comment မှာ မှတ်ချက်လေးရေးခဲ့ပါ။ တတ်နိုင်သလောက်လေးကို ပို့စ် တစ်ခုနဲ့ တင်ပေးပါမယ်။

နောက်တစ်ချက်က C Programming အခြေခံရှိရင် လွယ်ပါတယ်။ မရှိရင်လဲ နောက်ပို့စ်တွေမှာ ဥပမာလေးတွေနဲ့ အသေးစိတ်ရှင်းပြပါမယ်။ အင်္ဂလိပ်စာအခြေခံ ရှိသူတွေတော့ နားလည်လွယ်မယ်လို့ယူဆပါတယ်။

နောက်ဆုံးတစ်ခုအနေနဲ့ကတော့ အီလက်ထရွန်းနစ် ပရောဂျက်ဖြစ်တဲ့အတွက် အီလက်ထရွန်းနစ်အခြေခံရှိရင်တော့ အကောင်းဆုံးဖြစ်မှာပါ။ မရှိတဲ့သူအတွက်တော့ သင့်တော်တဲ့အချိန်တိုင်းမှာ သီးခြားပို့စ်လေးတွေနဲ့ ထပ်မံရှင်းပြပေးပါမယ်။

နောက်အပိုင်း (၅) မှာတော့ အာဒွီနို အူနိုဘုတ်ကို စတင်စမ်းသပ်ဖို့ ပြင်ဆင်ပုံလေးကို အဆင့်လေးတွေနဲ့ မျှဝေပေးပါမယ်။


Leave a Reply

Your email address will not be published. Required fields are marked *