ARDUINO အာဒွီနို အပိုင်း(၁)
ARDUINO အာဒွီနို အပိုင်း(၁)

အခုတစ်ခေါက်မျှဝေချင်တာက ARDUINO (အာဒွီနို) လို့ခေါ်တဲ့ MICROCONTROLLER (မိုက်ကရို ကွန်ထရိုလာ) လေးတွေအကြောင်းဖြစ်ပါတယ်။


ဒီ အာဒွီနိုဘုတ်လေးတွေဟာ အခုနှစ်ပိုင်းမှာ အတော်ရေပန်းစားလာခဲ့ပါတယ်။ ရေပန်းစားတဲ့အကြောင်းရင်းကလဲ အီလက်ထရွန်းနစ်အကြောင်း ထဲထဲဝင်ဝင်မသိတဲ့သူတွေတောင် ဒီအာဒွီနိုဘုတ်လေးတွေသုံးပြီး မိမိတို့လုပ်ချင်တဲ့ ထိန်းချုပ်ချင်တဲ့ပစ္စည်းတွေကို အတန်အသင့်လွယ်ကူစွာ ထိန်းချုပ်လုပ်ကိုင်နိုင်လို့ ဖြစ်ပါတယ်။


ဒီ အာဒွီနိုဘုတ်တွေမှာ ဦးနှောက်နဲ့တူတဲ့ မိုက်ကရိုကွန်တရိုလာ ပါပါတယ်။ ပြီးတော့ အာရုံခံကိရိယာတွေကနေလာမဲ့ အချက်ပြလှိုင်း(Signal)တွေ လက်ခံဖို့ INPUT Pin (အဝင်လက်ခံငုတ်) တွေပါပါတယ်။ နောက်ပြီး ပြန်လည်တုန့်ပြန်ဖို့အတွက် OUTPUT Pin (အထွက်ငုတ်) တွေပါပါတယ်။ နောက်တစ်ခုက အသုံးပြုသူတွေအနေနဲ့ အာဒွီနိုဘုတ်ကို အလွယ်တကူဆက်သွယ်အသုံးပြုလို့ရအောင် ကွန်ပြူတာနဲ့ ချိတ်ဆက် နိုင်စွမ်းကို ထောက်ပံ့ပေးထားတဲ့ အစိတ်အပိုင်း ပါပါတယ်။

34466936_385520518599405_4084307173130108928_n
26230485_324292991388825_3821322185699100985_n

Leave a Reply

Your email address will not be published. Required fields are marked *