ARDUINO အာဒွီနို အပိုင်း(၃)
ARDUINO အာဒွီနို အပိုင်း(၃)
ရှေ့ဆက်ပြီး အာဒွီနို ဘုတ်တွေကို ဘယ်လိုသုံးရလဲလို့မပြောခင် အာဒွီနိုဘုတ်တွေကို ဘယ်လိုနေရာတွေမှာ သုံးလို့ရလဲလို့ ပထမဆုံးပြောချင်ပါတယ်။
အာဒွီနိုဘုတ်တွေကို အသုံးချမှုနယ်ပယ်ကို ကန့်သတ်မထားပါဘူး။ ကန့်သတ်ချက်က သုံးသူရဲ့စိတ်ကူးအပေါ်မှာ မှီတည်ပါတယ်။ စိတ်ကူးကွန့်မြူးနိုင်ရင် နိုင်သလောက် ကျယ်ပြန့်စွာ သုံးနိုင်ပါတယ်။


26233660_325424154609042_1611758316291959020_o


ဥပမာ - နယ်တွေမှာ ငရုတ်သီးလှမ်းမယ်။ အပူချိန်လျော့လာရင် ငရုတ်သီးကို ရုတ်မယ်။ အာဒွီနိုဘုတ်လေးတွေနဲ့ ဆားကစ်ဆင်ပြီး အချက်ပေးလို့ရတယ်။ မိုးတစ်ပေါက် နှစ်ပေါက်ကျလာရင် ရုတ်မယ်။ အချက်ပေးလို့ရတယ်။ နေဝင်ပြီး သွားရင် ရုတ်မယ်။ အချက်ပေးလို့ရတယ်။ သုံးသူရဲ့စိတ်ကူးကွန့်တဲ့အပေါ်မူတည်ပါတယ်။

26196441_324646818020109_8089415352934454087_n


နောက်ဥပမာတစ်ခုက- သစ်ပင်လေးတွေစိုက်တယ်။ မြေကြီးထဲမှာ အစိုဓါတ်နည်းလာရင် ရေလောင်းပေးဖို့အတွက် အာဒွီနိုဘုတ်လေးတွေ သုံးပြီး ဆားကစ်ဆင်လို့ရပါတယ်။ မြေကြီးရဲ့ အချဉ်ဓါတ် (PH level) ကို တိုင်းပြီး မြေပြုပြင်စရာလိုမလို အချက်ပေးလို့ရပါတယ်။
ဒါကြောင့် အာဒွီနိုဘုတ်လေးတွေဟာ အသုံးချတတ်မယ်ဆိုလို့ရှိရင် မိမိတို့ နေစဉ်လုပ်နေတဲ့ အလုပ်တွေကို ပိုမိုလွယ်ကူလာအောင် ကူညီလေးနိုင်ပါလိမ့်မယ်။
နောက်ပို့(စ်)တစ်ခုမှာ အာဒွီနို (အူနို)ဘုတ်လေးတွေကို စတင် အသုံးပြုဖို့ လိုအပ်ချက်လေးတွေကို ဖော်ပြပေးပါမယ်။
မှတ်ချက်။ ပုံများကို အင်တာနက်မှ ကူးယူဖော်ပြပါသည်။

Leave a Reply

Your email address will not be published. Required fields are marked *