ARDUINO အာဒွီနို အပိုင်း(၆)
ARDUINO အာဒွီနို အပိုင်း(၆)

အခုတစ်ခေါက် ဒီအပိုင်းမှာတော့ အာဒွီနို စကက်ခ်ျ(Sketch) တစ်ခုအကြောင်းကို ရှင်းပြချင်ပါတယ်။

ပထမဆုံး အာဒွီနို စကက်ခ်ျ က ဘာလဲဆိုတာကို အရင်ဆုံးရှင်းပြချင်ပါတယ်။ စကက်ခ်ျဆိုတာကတော့ အာဒွီနိုမှာ အသုံးပြုတဲ့ ပရိုဂရမ်ကို ခေါ်တာပဲဖြစ်ပါတယ်။ အာဒွီနို စကက်ခ်ျတွေကို စီ ပရိုဂရမ်မင်း ဘာသာစကားနဲ့ ရေးရတာပါ။ ကွန်ပြူတာပေါ်မှာ သုံးတဲ့ "စီ" နဲ့တော့ နည်းနည်းကွဲလွဲတာတွေရှိပါတယ်။ ကွဲလွဲတယ်ဆိုတာကလည်း ကွန်ပြူတာမှာ သုံးတဲ့ လုပ်ဆောင်ချက်တွေအားလုံးကို အသုံးမပြုနိုင်တာကို ဆိုလိုတာပါ။ အဓိက ကတော့ ကွန်ပြူတာ တစ်လုံးရဲ့ ဖွဲ့စည်းပုံနဲ့ အာဒွီနို ဘုတ်တစ်ခုရဲ့ ဖွဲ့စည်းပုံ မတူညီတာကြောင့်ပါ။

28471334_346525355832255_2922208341318959104_n

စကက်ခ်ျတစ်ခုမှာ ရှိသင့်တဲ့ အင်္ဂါအစိတ်အပိုင်းတွေရှိပါတယ်။ အကြမ်းဖျင်းအားဖြင့် အပိုင်းခြောက်ပိုင်းခွဲခြားနိုင်ပါတယ်။

၁။ မှတ်ချက် အပိုင်း

၂။ ချိတ်ဆက်မှု သတ်မှတ်ချက်အပိုင်း

၃။ နေရာစုံသုံး ကိန်းရှင်သတ်မှတ်ချက်အပိုင်း

( ပရိုဂရမ်တစ်ခုမှာ ကိန်းရှင်နှစ်မျိုးရှိပါတယ်။ နေရာစုံသုံး ကိန်းရှင် နဲ့ ဒေသန္တရသုံး ကိန်းရှင် ဆိုပြီး နှစ်မျိုးပါ။)

၄။ Setup() အပိုင်း

၅။ Loop() အပိုင်း

၆။ လုပ်ဆောက်ချက်များ သတ်မှတ်ချက်အပိုင်း

ဆိုပြီး ခြောက်ပိုင်း ခွဲခြားနိုင်ပါတယ်။

28576101_346525535832237_7929713022417764352_n

နောက်ပို့စ်မှာ အပိုင်းတစ်ပိုင်းချင်းစီကို အကြမ်းရှင်းပြပေးပါမယ်။

မြန်မာနိုင်ငံသူ နိုင်ငံသား အီလက်ထရွန်းနစ်ဝါသနာရှင်များ အီလက်ထရွန်းနစ်နည်းပညာကို ဘာသာစကားအခက်အခဲမရှိဘဲ လေ့လာသင်ယူနိုင်ကြပါစေ။ အားလုံးကို ကျေးဇူးတင်ပါတယ်။